Gallery Image
We Stand With You: The Heartbreaking Impact of the Myanmar Earthquake

𝗠𝗜𝗕𝗔 𝗖𝗼𝗹𝗹𝗲𝗴𝗲  အနေနဲ့ ဖြစ်ပေါ်ခဲ့တဲ့ ငလျင်ဘေးနဲ့ ပတ်သက်ပြီး မိဘပြည်သူများအားလုံးနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်။

𝗠𝗜𝗕𝗔 𝗖𝗼𝗹𝗹𝗲𝗴𝗲 မန္တလေး 𝗖𝗮𝗺𝗽𝘂𝘀 မှာလည်း ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့သလို သဘာဝငလျင်သင့်ဒေသတွေက အိမ်ထောင်စုများ၊ ပြည်သူပြည်သားများရဲ့ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ၊ ငလျင်ဘေးသင့်           𝗠𝗜𝗕𝗔 𝗖𝗼𝗹𝗹𝗲𝗴𝗲 ကျောင်းသား၊ ကျောင်းသူများ၊ ၎င်းတို့မိသားစုများရဲ့ ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို သိရှိရတဲ့အတွက်လည်း 𝗠𝗜𝗕𝗔 𝗖𝗼𝗹𝗹𝗲𝗴𝗲 မိသားစုအနေနဲ့ အထူးဝမ်းနည်းကြေကွဲရပါတယ်။ 

ငလျင်ဒဏ်သင့်ဒေသတွေက မိဘပြည်သူတွေအတွက်လည်း 𝗠𝗜𝗕𝗔 𝗖𝗼𝗹𝗹𝗲𝗴𝗲 မှ တတ်အားသရွေ့ကူညီပံ့ပိုးပေးသွားမှာဖြစ်သလို သဘာဝငလျင်ဒဏ်သင့်ခဲ့သော MIBA college ကျောင်းသား၊ ကျောင်းသူများစာရင်းကို ဆက်လက်ကောက်ယူနေပြီး မြေပြင်မှာလည်း လက်လှမ်းမီသလောက် ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။ 

အခုလိုကာလမှာ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ငွေအားဖြစ်စေ၊ လူအားဖြစ်စေ၊ အတတ်ပညာဖြင့်ဖြစ်စေ ကူညီပံ့ပိုး လှူဒါန်းပေးနေကျ သော ကျောင်းသား ကျောင်းသူများ ဝန်ထမ်းများ၊အလှူရှင်များနှင့်စေတနာဝန်ထမ်းများအားလုံးကိုလည်း 𝗠𝗜𝗕𝗔 𝗖𝗼𝗹𝗹𝗲𝗴𝗲 မှ ကျေးဇူးတင်ဂုဏ်ပြုလိုက်ပါတယ်။ 

အားလုံးအတူလက်တွဲရင်း ငလျင်ဘေးကာလကြီးကို ကျော်ဖြတ်နိုင်ကြမယ်လို့ ယုံကြည်သလို ငလျင်ဒဏ်သင့် မိဘပြည်သူတွေကိုလည်း ဆက်လက်ပြီး အားတင်းထားကြဖို့ 𝗠𝗜𝗕𝗔 𝗖𝗼𝗹𝗹𝗲𝗴𝗲 မှ တိုက်တွန်းအားပေးလိုက်ပါတယ်။

လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေ၊ အခက်အခဲတွေကနေ အမြန်ဆုံးလွန်မြောက်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ကြပါစေကြောင်းလည်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်

We Stand With You: The Heartbreaking Impact of the Myanmar Earthquake


Click on the buttons to change the grid view.



Gallery Image

We Stand with you - CSR