စီးပွားရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ နိုင်ငံတကာအဆင့်မီ Bachelor ဘွဲ့ ရယူနိုင်မယ့် ပညာရေးလမ်းကြောင်း
OTHM (UK) Ofqual Regulated (Level 4 to 5)
Diploma in Business Management
တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် (သို့) IGCSE O Level အောင်မြင်ပြီးနောက်မှာ ရှေ့ဆက်မယ့် ပညာရေးလမ်းကြောင်းက လူငယ်တွေအတွက် အရေးအကြီးဆုံး ဘဝတစ်ဆစ်ချိုးပါပဲ။ မှန်ကန်တဲ့ ရွေးချယ်မှုတွေ လုပ်နိုင်မယ်ဆိုရင်တော့ Bachelor ဘွဲ့အထိ အဆင်ပြေချောမွေ့စွာ ရှေ့ဆက်နိုင်မှာ ဖြစ်သလို စိတ်ချရတဲ့ ပညာရေးလမ်းကြောင်း မဟုတ်ခဲ့ရင်တော့ အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။
အားလုံး လက်လှမ်းမီပြီး အရည်အသွေးကောင်းမွန်တဲ့ ပညာရေးကို ဖန်တီးပေးချင်တဲ့ MIBA ရဲ့မူအတိုင်း MIBA ရဲ့ OTHM (UK) Level 4 to 5 - Bachelor Degree Pathway Program (Business) မှာဆိုရင် စီးပွားရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်တွေကို OTHM (UK) https://othm.org.uk/ ရဲ့ သင်ရိုးညွှန်းတမ်း စံနှုန်းတွေအတိုင်း သင်ကြားရေးအတွေ့အကြုံပြည့်ဝတဲ့ ဝါရင့် ဆရာ၊ ဆရာမကြီးများက Learning Facility အပြည့်အစုံနဲ့ ခေတ်မီ Campus မှာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
OTHM (UK) Level 4 မှာ သင်ကြားရမယ့် ဘာသာရပ်များ
- Business Operations
- Communication in Business
- Finance and Accounting
- Leading and Managing Teams အပါအဝင် လက်တွေ့အသုံးချ Business & Management ပိုင်း အသိပညာ ဗဟုသုတတွေကို စုံစုံလင်လင် လေ့လာသင်ယူရမှာပါ။
OTHM (UK) Level 5 မှာဆိုရင်တော့
- Marketing for Managers
- Management Accounting and Decision Making
- Business Law for Managers
- Principals and Concepts of Strategy အပါအဝင် နိုင်ငံတကာအဆင့် Business & Management ပိုင်း ပညာရပ်တွေ၊ ကျွမ်းကျင်မှုတွေကို ပြည့်ပြည့်စုံစုံ လေ့လာသင်ယူရမှာပါ။
ပြည်တွင်း MIBA မှာတက်ရောက်ပြီး OTHM (UK) Level 5 ပြီးဆုံးတဲ့အခါမှာတော့ အောက်ပါတိုင်း ပညာရေးကို မိမိနှစ်သက်ရာရွေးချယ်နိုင်ပါတယ်။
- ဘွဲ့ရအထိ ပြည်တွင်းမှာပဲ ပညာရေးရှေ့ဆက်လိုသူတွေအနေနဲ့ MIBA Campus တွေမှာပဲ Final Year (Top-up) ကို Business Bachelor Degree ရတဲ့အထိ ဆက်တက်လို့ရပါတယ်။
- Final Year (Top-up) ကို ပြည်ပတက္ကသိုလ်တွေမှာ တက်ချင်တယ်ဆိုရင်တော့ MIBA ရဲ့မိတ်ဖက် နိုင်ငံတကာတက္ကသိုလ်အသီးသီးမှာ Business ပိုင်း Bachelor Degree ရတဲ့အထိ ရှေ့ဆက်တက်နိုင်ပါတယ်။
MIBA - OTHM (UK) Pathway ရဲ့အားသာချက်များ
- သင်ကြားရေးအတွေ့အကြုံပြည့်ဝတဲ့ ဝါရင့် ဆရာ၊ ဆရာမကြီးများက Learning Facility အပြည့်အစုံနဲ့ သင်ကြားပေးသွားမှာပါ။
- ခေတ်မီ Learning Facility အပြည့်နဲ့ MIBA Campus တွေမှာ Presentation ၊ Assignment များ၊ လက်တွေ့ လုပ်ငန်းခွင်များသို့ ကွင်းဆင်းလေ့လာခြင်း၊ Fun Fair ၊ Sports Competition ၊ ပညာရေးနဲ့ လုပ်ငန်းခွင်အကြောင်း Seminar စတဲ့ Activity တွေနဲ့ အကောင်းဆုံး Campus Life ကို ဖြတ်သန်းပြီး ပညာသင်ယူရမှာပါ။
- အချိန်နေရာမရွေး လေ့လာနိုင်ဖို့အတွက် On Campus အပြင် Online Learning စနစ်ကိုပါ ထောင့်စေ့အောင် ထည့်သွင်းပေးထားပါတယ်။
- OTHM Level 4/5 ကို MIBA မှာ အပ်နှံတဲ့သူတွေအနေနဲ့ 50% ကျောင်းစရိတ်သက်သာခွင့် Scholarship ကိုပါ ရယူနိုင်ဦးမှာပါ။လက်တစ်ကမ်းမှာရှိနေတဲ့ အရည်အသွေးမြင့်ပညာရေးကို အခုပဲ အရယူလိုက်ပါ။
☎️ YGN - 09 763 195 133 , 09 763 194 232
☎️ MDY - 09 426 067 979, 09 765 416 632