OTHM Level 4/5 Diploma in Information Technology


နိုင်ငံတကာအဆင့်မီ IT Bachelor ဘွဲ့ ရယူလိုတဲ့ လူငယ်တွေအတွက်

OTHM (UK) Ofqual Regulated (Level 4 to 5)

Diploma in Information Technology

 

 



   

၂၁ ရာစုရဲ့ ခေတ်အစားဆုံး IT ပညာရပ်တွေကို စနစ်တကျသင်ယူပြီး IT Professional တစ်ဦးအဖြစ် အနာဂတ်မှာရပ်တည်လိုတဲ့ လူငယ်တွေအတွက် MIBA ရဲ့ OTHM (UK) Level 4 to 5 - Bachelor Degree Pathway Program (IT) က အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါ။

ကုန်ကျစရိတ်မှာ အများလက်လှမ်းမီသလို အရည်အသွေးလည်း မြင့်မားတဲ့ ပညာရေးကို ဖန်တီးပေးချင်တဲ့ MIBA ရဲ့ ခံယူချက်အတိုင်း ခေတ်နဲ့ရင်ဘောင်တန်းနိုင်စေမယ့် IT ပညာရပ်တွေကို OTHM (UK) https://othm.org.uk/ ရဲ့ သင်ရိုးညွှန်းတမ်း စံနှုန်းတွေအတိုင်း သင်ကြားရေးအတွေ့အကြုံပြည့်ဝတဲ့ ဝါရင့် ဆရာ၊ ဆရာမကြီးများက သင်ကြားပေးသွားမှာ ဖြစ်လို့ တက္ကသိုလ်ဝင်တန်း (သို့) IGCSE O Level အောင်မြင်ထားတဲ့ ကျောင်းသားလူငယ်များ အဆင်ပြေပြေ တက်ရောက်နိုင်ပါတယ်။

OTHM (UK) Level 4 မှာ သင်ကြားရမယ့် ဘာသာရပ်များ

- Principles of Computer Programming

- Cyber Security

- Computer and Network Technology

- Web and Mobile Applications အပါအဝင် ခေတ်မီ IT ပိုင်း အသိပညာ ဗဟုသုတတွေကို စုံစုံလင်လင် လေ့လာသင်ယူရမှာပါ။

OTHM (UK) Level 5 မှာဆိုရင်တော့

- Software Engineering

- IT Project Management

- Database Systems

- Network Information Systems အပါအဝင် နက်နဲကျယ်ပြန့်တဲ့ IT ပိုင်း ပညာရပ်တွေ၊ ကျွမ်းကျင်မှုတွေကို ထဲထဲဝင်ဝင် လေ့လာရင်း Final Year (Top-up) အတွက် အဆင်သင့်ဖြစ်အောင် လေ့ကျင့် သင်ကြားပေးသွားမှာပါ။

ပြည်တွင်း MIBA မှာတက်ရောက်ပြီး OTHM (UK) Level 5 ပြီးဆုံးတဲ့အခါမှာတော့ အောက်ပါအတိုင်း ပညာရေးလမ်းကြောင်းကို မိမိနှစ်သက်ရာရွေးချယ်နိုင်ပါတယ်။

- ဘွဲ့ရအထိ ပြည်တွင်းမှာပဲ ပညာရေးရှေ့ဆက်လိုသူတွေအနေနဲ့ MIBA Campus တွေမှာပဲ Final Year (Top-up) ကို IT ပိုင်း Bachelor Degree ရတဲ့အထိ ဆက်တက်လို့ရပါတယ်။

- Final Year (Top-up) ကို ပြည်ပတက္ကသိုလ်တွေမှာ တက်ချင်တယ်ဆိုရင်တော့ MIBA ရဲ့မိတ်ဖက် နိုင်ငံတကာတက္ကသိုလ်အသီးသီးမှာ IT ပိုင်း Bachelor Degree ရတဲ့အထိ ရှေ့ဆက်တက်နိုင်ပါတယ်။

MIBA - OTHM (UK) Pathway ရဲ့အားသာချက်များ

- ခေတ်မီ Learning Facility အပြည့်နဲ့ MIBA Campus တွေမှာ Presentation ၊ Assignment များ၊ လက်တွေ့ လုပ်ငန်းခွင်များသို့ ကွင်းဆင်းလေ့လာခြင်း၊ Fun Fair ၊ Sports Competition ၊ ပညာရေးနဲ့ လုပ်ငန်းခွင်အကြောင်း Seminar စတဲ့ Activity တွေနဲ့ အကောင်းဆုံး Campus Life ကို ဖြတ်သန်းပြီး ပညာသင်ယူရမှာပါ။

- အချိန်နေရာမရွေး လေ့လာနိုင်ဖို့အတွက် On Campus အပြင် Online Learning စနစ်ကိုပါ ထောင့်စေ့အောင် ထည့်သွင်းပေးထားပါတယ်။

- OTHM Level 4/5 ကို MIBA မှာ အပ်နှံတဲ့သူတွေအနေနဲ့ 50% ကျောင်းစရိတ်သက်သာခွင့် Scholarship ကိုပါ ရယူနိုင်ဦးမှာပါ။

IT Professional တစ်ဦးဖြစ်ဖို့ သင့်အိပ်မက်တွေကို အခုပဲ စတင်အကောင်အထည်ဖော်လိုက်ပါ။

☎️ YGN - 09 763 195 133 , 09 763 194 232

☎️ MDY - 09 426 067 979, 09 765 416 632




Enquiry Form


Our Programs